အခုတော့

Posted by အိပ်မက်ဧကရီ

တစ်ယောက်ထဲနေတတ်ခဲ့တဲ့.....ငါ
ခုချိန်ထိလည်:
တစ်ယောက်ထဲနေတတ်နေဆဲပါ
ငြိမ်သက်ခြင်းက
ငါနဲ့ အရင်းနှီးဆုံးသူငယ်ချင်း
တိတ်ဆိတ်ခြင်းက
ငါ့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ
စိတ်လေတိုင်း
ဖက်တွယ်မိတာက
မျက်ရည်.....
အခုတော့.................

ဆောင်ရန်၊ရှောင်ရန်

Posted by အိပ်မက်ဧကရီ

ပုဒ်မ(၁)
ပိုးပမ်းသူ များသော အမျိုးသမီးများသည် မိမိနှစ်သက်ရာ တစ်ဦးတစ်ယောက်ကို ရွေးချယ်ပြီး ကျန်ရှိသော ယောင်္ကျား လေးများအား လိုအပ်နေသော သူများထံသို့ လွှဲပြောင်းပေးရမည်

ပုဒ်မ(၂)
ပူအိုက်သော ရာသီတွင် ရင်စေ့၊ လက်ရှည်၊ ထမီနှင့် လုံအောင်ဖုံးထားသော အမျိုးသမီးများအား သဘာဝ အလှတရားကို အံတုသူ များအဖြစ် အရေးယူမည်။(ဤမျှနှင့် မလုံလောက်ပါက အတိုအပြတ်ဝတ်သော သူများကို သေဒဏ်ပေး မည်ဖြစ်သည်။)

ပုဒ်မ(၃/က)
ယောင်္ကျားတို့ကို ဂရုမစိုက်သော အမျိုးသမီးများအား ဒုက္ခရောက် နေသူတို့ကို လျစ်လျူရှု မှုဖြင့်လည်းကောင်း

ပုဒ်မ(၃/ခ)
ချစ်စဖွယ် စကားဆိုပြီး ညာညာခိုင်းတတ်သော အမျိုးသမီးများအား လုပ်အားခ မပေးဘဲ စေခိုင်းမှုဖြင့် လည်းကောင်း

ပုဒ်မ(၃/ဂ)
ချစ်သူရှိသော အမျိုးသားတစ်ဦးကို အခြားအမျိုးသမီး တစ်ဦးမှ ချစ်စဖွယ် အမူအရာဖြင့် ချဉ်းကပ် သိမ်းသွင်းခြင်းကို နွားခိုးမှုဖြင့် လည်းကောင်း အရေးယူမည်။

ပုဒ်မ(၄/က)
မိဘချင်း ရင်းနှီးမှုကို အသုံးချ၍ ချဉ်းကပ်လာသော အမျိုးသားများအား ယုံကြည်မှုအား အလွဲသုံးစား ပြုမှုဖြင့် လည်းကောင်း

ပုဒ်မ(၄/ခ)
ရည်းစားထည်လဲ တွဲသူများအား ပြည်သူပိုင်ပစ္စည်း အလွဲသုံးစား ပြုမူမှုဖြင့် လည်းကောင်း

ပုဒ်မ(၄/ဂ)
မိမိ၏ ရည်းစားအား လက်ဖျားနှင့် ပင်မထိ ၊Shopping Mall ၊လျော်ကား၊ ချောင်းသာ ၊Hotel(သီးခံပါ) စသော သမီးရည်းစားတို့၏ ဆောင်ရွက်ဖွယ် ကိစ္စအ၀၀ကို မပြုလုပ်ပါက အလုပ်တာဝန် လစ်ဟင်းမှုဖြင့်လည်းကောင်း အရေးယူမည်။

ပုဒ်မ(၅/က)
အိမ်ထောင်ရှိ မိန်းမတို့ကို ပိုးပမ်းသူ ယောင်္ကျားများအား တားမြစ်နယ်မြေတွင် အမဲလိုက်မှုဖြင့် အရေးယူမည်။

ပုဒ်မ(၅/ခ)
သူတပါး၏ ယောင်္ကျားနှင့် ပေါင်းသင်းနေထိုင်သူ အမျိုးသမီးများကို မီတာဘောက်စ် မထားဘဲ လျှပ်စစ် ဓာတ်အားကို ခိုးယူသုံး စွဲမှုဖြင့် အရေးယူမည်။

ပုဒ်မ(၆)
အသက်၂၅နှစ်ပြည့်သူ အမျိုးသား၊ အမျိုးသမီးတိုင်း အိမ်ထောင်မပြု ရသေးလျှင်
မိဘကို ဒုက္ခပေးသူ အဖြစ်လည်းကောင်း အရေးယူမည်။

ps- မေးလ်ထဲမှ ရရှိသော ဟာသလေးအား ပြန်လည်မျှဝေ ပေးတာပါ။

ကောင်လေး..... သို့

Posted by အိပ်မက်ဧကရီ

ကောင်လေးရေ...... နင်သိရဲ့လား
နင်ပေးခဲ့တဲ့..... အနမ်းတွေကို
ငါ့ပါးပြင်က.....ငတ်မွတ်နေလေရဲ့။

ကောင်လေးရေ.... နင်သိရဲ့လား
နင်ပေးခဲ့တဲ့..... ဓာတ်ပုံလေးကို
ငါ့မျက်ဝန်းက...... ရှုမ၀နေလေရဲ့။

ကောင်လေးရေ... နင်သိရဲ့လား
နင်ပေးခဲ့တဲ့..... ရက်စက်ခြင်းတွေကို
ငါ့မာနက......ခ၀ါချလိုက်လေရဲ့။

ကောင်လေးရေ.... နင်သိရဲ့လား
နင်ပေးခဲ့တဲ့.... အချစ်တွေကို
ငါ့နှလုံးသားက....တမ်းတနေလေရဲ့။

ခုတော.....ဒဏ်ရာတွေနဲ့
အတောင်ကျိုးနေတဲ့.....ငှက်လို
ချိနဲ့တဲ့... အင်အားနဲ့
ငါ့နှလုံးသားက.... နင့်ကို
တစ်ဆာဆာ.......ခေါ်နေတာ
နင်ကြားသိ......နိုင်ပါလေစ။

(ဧကရီ)

သစ်ပင်အိုနှင့် အဖိုးအို

Posted by အိပ်မက်ဧကရီ

ရှေးတံရော အခါက အလွန်တရာ ကြီးမားလှတဲ့ သစ်ပင်ကြီး တစ်ပင်ရှိလေသည်။ ထိုအပင်ကြီးဆီသို့ နေ့စဉ်နေ့တိုင်း လူငယ်လေး တစ်ယောက် အမြဲလာရောက် ဆော့ကစားလေသည်။ အပင်ပေါ် တတ်ဆော့၍ မောသွားလျှင် အပင်ကြီးမှ အသီးများကို ခူး၍စားပြီး အပင်ခြေ ရင်းတွင်ပင် အနားယူ အိပ်စက်လေသည်။ အပင်ကြီးနှင့် ထိုလူငယ်လေး အင်မတန် ရင်းနှီးကာ အလွန်တရာ ပျော်ရွှင်ကြလေသည်။


ဒီလိုနဲ့ အချိန်တွေ တစ်ရွှေ့ရွေ့ ကုန်ဆုံးလာ သောအခါ တစ်နေ့ ထိုလူငယ်လေး သစ်ပင်ကြီးဆီသို့ ပြန်လည်ရောက်ရှိ လာလေသည်။ သစ်ပင်ကြီးက လူငယ် တို့တွေ အတူတူ ဆော့ကစားရအောင် လို့ပြောတဲ့ အခါမှာ ကျွန်တော်ကလေး မဟုတ်တော့ဘူး သစ်ပင်ပေါ် တက်ပြီးလည်း မဆော့ချင်တော့ဘူး။ ကျွန်တော် အရုပ်နဲ့ပဲ ဆော့ချင်တယ်။ အရုပ်ပဲ လိုချင်တယ်။ ဒီတော့ သစ်ပင်ကြီးက စိတ်မကောင်းလိုက်တာ၊ ငါ့မှာတော့ ပိုက်ဆံမရှိဘူး၊ ဒါပေမဲ့ ငါ့အသီးတွေ ခူးပြီးဈေးမှာ ရောင်းလိုက်ရင် မင်းလိုချင်နေတဲ့ အရုပ်လေး ၀ယ်လို့ရ မှာပါကွာ ပြောလိုက်လေသည်။ ထိုအခါ လူငယ်လေး အင်မတန် ပျော်ရွှင်သွားခါ အပင်ပေါ်မှ အသီးများ အားလုံးကို ခူးသွားပြီး ထွက်ခွာသွားလေသည်။ သစ်ပင်ကြီးမှာ အသီးတွေ ခူးပြီးကတည်းက ပေါ်မလာတဲ့ လူငယ်လေးကို သတိရ လွမ်းဆွတ်နေလေသည်။


ဒီလိုနဲ့ လူငယ်လေး အရွယ်ရောက်လာပြီး လူကြီးအဖြစ်သို့ ရောက်ရှိလာတော့ သစ်ပင်ကြီးဆီ ပြန်လည်ရောက်ရှိလို့ လာခဲ့တာပေါ့လေ။ ဒီတော့ သစ်ပင်ကြီးက အရမ်းပျော်ရွှင်သွားပြီး အတူတူ ဆော့ကစား ရအောင်လို့ လူငယ်လေး ကိုခေါ်တော့ လူငယ်လေးက ကျွန်တော့မှာ ကစားဖို့ အချိန်မရှိဘူး။ မိသားစုအတွက် အလုပ်လုပ်ရမယ်။ ကျွန်တောနဲ့ ကျွန်တော့ မိသားစု နေဖို့အိမ်တစ်လုံး လိုအပ်နေတာ အသင်ကူညီ နိုင်မှာလား လို့လူငယ်က မေးတော့ သစ်ပင်ကြီးက စိတ်မကောင်း လိုက်တာ ငါ့မှာ အိမ်တော့ မရှိဘူး။ ဒါပေမယ့် ငါ့ရဲ့အကိုင်း အခက်တွေကို မင်းခုတ်ယူပြီး အိမ်ဆောက်ရာမှာ အသုံးပြုလိုက်ပါ လို့ပြောလေသည်။ ထို့နောက် လူငယ်လေးလည်း သစ်ပင်မှ ပင်စည်များကို ခုတ်ယူပြီး ပျော်ရွှင်စွာ အိမ်ပြန်သွားလေသည်။


လူငယ်လေး ပျော်ရွှင်စွာ နေထိုင်တာကိုပဲ သစ်ပင်ကြီး မြင်ရလျှင် ပျော်ရွှင်ရလေသည်။ လူငယ်လေးမှာတော့ သစ်ပင်ကြီးဆီ ပေါ်မလာတော့ချေ။ တစ်ခုသော နွေရာသီ တစ်ခုတွင် လူငယ်လေး သစ်ပင်ကြီးဆီသို့ ပြန်လည်ရောက်ရှိ လာလေသည်။ ဒီအခါ သစ်ပင်ကြီးမှ တို့တွေ အတူတူ ဆော့ကစားရအောင် လို့ခေါ်တော့ ကျွန်တော်ဟာ အသက်အရွယ် ကြီးနေပြီ။ ကျွန်တော့ ဘ၀ကို အေးအေးဆေးဆေး ရွက်လွင့်ပြီး အနားယူဖို့ လှေတစ်စီးလောက် လိုချင်တယ်။ ကျွန်တော့ကို ပေးနိုင်မလားလို့ လူကြီးဖြစ်လာတဲ့ လူငယ်လေးက သစ်ပင်ကြီးကို ပြောတာပေါ့။ ဒီတော့ သစ်ပင်ကြီးက ငါ့ပင်စည်ကို ခုတ်ယူပြီး လှေတစီး လုပ်လိုက်ပါ။ ပြီးတော့ ပျော်ရွှင်စွာနဲ့ လိုရာခရီးကို ရွှက်လွင့်ပြီး သွားပါလို့ ပြောလိုက်လေသည်။ လူငယ်လေးလည်း ပင်စည်ကို ခုတ်ယူပြီး လှေတစ်စီး လုပ်ကာပျော်ရွှင်စွာ ထွက်ခွာသွားလေသည်။ သစ်ပင်ကြီးမှာ လူငယ်လေး ပျော်ရွှင်နေသည်ကို ပီတီဖြစ်ကာ ပြုံးပြနေသည်။ သစ်ပင်ကြီးမှာ လည်းလူငယ်လေးအား ကြည့်ရင်း စိတ်မကောင်းစွာ ဖြစ်ကျန်ခဲ့လေသည်။


ဒီလိုနဲ့ နောက်ဆုံးမှာ နှစ်တွေအလီလီ ပြောင်းလဲသွားခဲ့ပြီး လူငယ်လေးမှာလည်း အသက်အရွယ် အင်မတန် ကြီးရင့်သည့် အဘိုးအို အဖြစ်သို့ ရောက်ရှိသွားလေသည်။ တစ်နေ့ အဘိုးအိုက သစ်ပင်ကြီးဆီသို့ ရောက်ရှိလာလေသည် ။စိတ်မကောင်းလိုက်တာ လူလေး ငါ့မှာ မင်းကို ကျွေးဖို့အသီးတောင် မရှိဘူး လို့သစ်ပင်ကြီးက ပြောတော့ အဖိုးအိုက ကိစ္စမရှိဘူး ကျွန်တော့မှာလည်း အသီးကို ကိုက်ဖို့တောင် သွားမရှိ တော့ပါဘူး ဖြေလေသည်။ သစ်ပင်ကြီးက မင်းငါ့အပင်ပေါ် တက်ပြီးဆော့ကစားဖို့ ပင်စည်တောင် င့ါမှာမရှိတော့ဘူး။ ဒီတော့ ကျွန်တော် အသက်အရွယ် ကြီးရင့်နေ ပါပြီလို့ အဖိုးအိုက ပြန်ဖြေလေသည်။ သစ်ပင်ကြီးက ငါ့မှာမင်းကို ပေးဖို့ အမြစ်ချောက် ကလွဲပြီး ဘာဆိုဘာမှ မရှိတဲ့ အတွက် အလွန်စိတ်မကောင်း ဖြစ်ရပါတယ် လို့မျက်ရည်များနှင့် ပြောလေသည်။


ကျွန်တော်ဘာမှ မလိုချင်ဘူး။ ဒီနှစ်တွေမှာ ပင်ပန်းနေလို့ အနားယူဖို့ နေရာလေး တစ်နေခုသာ လိုချင်ပါတယ်လို့ အဖိုးအိုမှ ပြောလေသည်။ အို...ကောင်းပြီ... လာပါ...နားလှည့်ပါ၊ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးက ငါ့ရဲ့အမြစ် ချောက်လေးပေါ် နားလှည့်ပါ။ အဖိုးအိုလည်း ထိုင်၍အနား ယူလေသည်။ သစ်ပင်ကြီးမှာတော့ မျက်ရည်များ အပြည့်ဖြင့် ပြုံးပျော်ရွှင် နေလေသည်။


လူတိုင်းလူတိုင်းဟာ သစ်ပင်ကြီး ကဲ့သို့သော မိဘဘ၀တွေ ပိုင်ဆိုင်ကြပါတယ်။ ဘ၀မှာ ဘယ်လောက်ပဲ အလုပ်များ နေပါစေ မိဘတွေကို ကိုယ့်အချိန် ထဲကဖဲ့ပြီး အနီးကပ် ပြုစုနိုင် ကြပါစေလို့ ဆန္ဒ ပြုလိုက်ပါတယ်။


ဖော်လ်ဝပ်မေးလ် မှရလာသော ပုံပြင်လေးအား မတောက်တခေါက် ဘာသာပြန် ရေးသားလိုက်ပါတယ်။

Posted by အိပ်မက်ဧကရီ

အားလုံးပဲ မင်္ဂလာပါ ... ဧကရီ ကတော့ အခုမှ ဘလော့လောကထဲဝင် ဖို့ကြိုးစားနေပါတယ်။ အားလုံးသော အစ်ကိုအစ်မတွေက လက်တွဲကူညီ ကြလိမ့်လို့ မျှော်လင့်ပါတယ်။

အားလုံးပဲ ကျေးဇူးတင်ပါတယ်။